Friday, April 3, 2020

#Only_by_Unicode

.                    ★★ လွမ်း {51} ★★

- ဝေးးးးးးးးးးး... ___

- အရင်လို မင်းနေကောင်းလား??


- အဆင်ပြေရဲ့လား?? ဆိုပြီး

- တစ်ကိုယ်ကောင်းဆန်ဆန် နေသားကျနေတဲ့ ဒီကောင်က..

- မင်းကို စိတ်ပူပေးဖို့အတွက် အသက်ရှိသေးတယ်.

- တစ်ယောက်တည်း နားလည်ဖို့ကြိုးစားရင်းက

- မင်းကို ဒီထက်ပို၍ပို၍ နားမလည်ချင်တော့ဘူး

- မျှော်လင့်ချက်ဆန်တဲ့ကဗျာတွေ

- မင်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့် စာတွေ 

- ထပ်ခါထပ်ခါမရေးချင်တော့ဘူး..

- အရင်လို မင်း Account ကို See First ထားယုံကလွဲလို့

- My day မှာ တင်သမျှ Save ထားယုံကလွဲလို့ 

_ မင်းနဲ့ ဘယ်လို ဘယ်အကြောင်းကြောင့်နဲ့မှ မပတ်သက်ခဲ့တဲ့လူ..

- လမ်းလွဲသွားတာမျိုး မဟုတ်ဘူး...

- တကယ်က..  အစကတည်းက..

- မနီးစပ်ခဲ့ ကြတာ..

- ကောင်းကင်ကို မော့ကြည့်...

- ကြယ်ကြွေတာ မြင်တိုင်း __ တကယ်က

- ငါ့ဆီ ကြွေကျလာတာမဟုတ်သလို..

- မင်းနဲ့ တစ်ကြိမ်တခါသာ နီးစပ်ခဲ့ဖူးတိုင်း 

- အမြဲတမ်း အတူရှိမယ်လို့.. ထင်ခဲ့မိတာ..

- ပြိုင်တယ် ပိုင်တယ် ဆိုင်တယ် ဆိုတာ

- ကျန်လူနဲ့ အရံလူ အတွက်မဟုတ်မှန်း သိပါတယ်.

- အိမ်မက်တွေထဲ မင်းရဲ့ အနီးဆုံးထိ ပြေးလာဖူးတယ်

- ခုတော့ ခေါင်းတ ခါခါ နဲ့သာ မင်းရဲ့ အဝေးဆုံးကို ပြေးထွက်ခဲ့တယ်.

- ငါ မနေဖြစ်တော့တဲ့ မင်းရဲ့ ပတ်ဝန်းကျင် ဒေသလေးဆီ

- မတော်တဆ အမှတ်ရနေယုံကလွဲလို့

- ပျော်ရွှင်ရခြင်းဖြစ်စေ နာကျင်ရခြင်းဖြစ်စေ

- ခပ်တည်တည် ငါ့အတ္တတွေနဲ့ မင်းကိုသိပ်လွမ်းတယ်../.


.

#ရာဟုဂြိုလ်သား

.

No comments:

Post a Comment

#Only_by_Unicode .                    ★★ လွမ်း {51} ★★ - ဝေးးးးးးးးးးး... ___ - အရင်လို မင်းနေကောင်းလား?? - အဆင်ပြေရဲ့လား?? ဆိုပြ...