★★★
#Unicode_by
လွမ်း (49)
.အကယ်၍.
★
.
မနေ့တနေ့ကထိတော့ ငါ့ကိုယ်ငါ ထင်ခဲ့မိတာ ဇာတ်လိုက် တစ်ယောက် ပေါ့..
ငါကိုယ်တိုင် သိဖို့ မကြိုးစားခဲ့ပေမယ့် သူတို့နှစ်ယောက်ရဲ့ စကားလုံးသံတွေ ကြားရင် ငါက အလိုလို ဗီလိန်ဖြစ်သွားခဲ့တယ်....
အရင်လို မက်တဲ့အိမ်မက်တွေပါပဲ ဇာတ်ဝင်ခန်းလေး ပြောင်းသွားတာက လွဲလို့ ဒီရင်က အတွင်းဒဏ်ရာ ဘယ်သူ မြင်နိုင်မှာလဲ...??
နေ့နေ့ညည ငါသီကုံးခဲ့တဲ့ ကဗျာတွေက တခြားသူဖတ်ဖို့အတွက်တဲ့လား.??
ကဗျာတွေ မကြိုက်ဘူး ဆိုတဲ့ ကောင်မလေးရေ __
တနေ့က ရွာတဲ့ မိုးစက်တွေ ခုထိ ရွှဲရွှဲစိုတုန်းပါပဲကွယ်..
လမ်းဆုံးထိမလျှောက်ခဲ့ပေမယ့်လည်း အဲဒီလမ်းတွေရဲ့အဆုံးကို ငါ ခံစားလို့ရပါတယ်...
နီးတော့ မလိုနဲ့ ဝေးသွားတော့မယ့် လက်တစ်စုံကို ငါမြင်နေရတယ်..
အကယ်၍..
တစ်ယောက်ယောက်ရဲ့ ရင်ခွင်ထဲ ခိုလှုံတော့မယ် ဆိုပါစို့..
တစ်ခါကမ်းတဲ့လက် ထာဝရထိ နွေးထွေး ပါစေပေါ့..
သူတို့ လျှောက်တဲ့လမ်း ပန်းခင်းတဲ့ လမ်း ဖြစ်ပါစေပေါ့..
တစ်ကြိမ်တခါမှ မကြွေဖူးတဲ့ ပန်း...
ဒီတစ်ခါတော့ အမှန်တကယ် မြေခ လိုက်မယ်...
လမင်း မရှိတဲ့ ကောင်းကင်.. အရောင်တွေ မှိန်လဲ မှိန်ပါစေပေါ့.ကွယ်..... /။
#ရာဟုဂြိုလ်သား
#Zawgyi_code_by
လွမ်း (49)
.အကယ်၍.
.
အကယ်၍..
#ရာဟုဂြိုလ်သား
No comments:
Post a Comment